Posts

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ‎

Image
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၆ ‎ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ပြည်သူ့အခြေပြုစာသင်ကျောင်းတာဝန်ခံတွေနဲ့ ပူးပေါင်းကာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ ကျောင်းသားကျောင်းသူတွေရဲ့ စကားပြောစွမ်းရည်တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ၂၆ ယောက် ပါဝင်ယှဥ်ပြိုင်ခဲ့ပါတယ်။  ‎ပြိုင်ပွဲအခမ်းအနားမှာ သမဂ္ဂအလံတော်ကို အလေးပြုတာ၊ ကျောင်းသားသမဂ္ဂရဲဘော်တွေကနေ အမှာစကား ပြောကြားတာ၊ သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူတွေက ၀မ်းမြောက်ကြောင်း စကားပြောကြား၊ အကဲဖြတ်ဒိုင်လူကြီးတွေက ဆုရွေးချယ်တာ၊ ဆုချီးမြှင့်တာ စတဲ့အခမ်းအနားအဆင့်ဆင့်နဲ့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ်

ဗကသများအဖွဲ့ချုပ်မှ တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေ

Image
ဗကသများအဖွဲ့ချုပ်မှ တနင်္သာရီမြို့နယ်အတွင်း စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး စာစောင်များ ဖြန့်ဝေ ဇန်နဝါရီလ ၁ ရက်၊ ၂၀၂၆ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ကနေ တနင်္သာရီမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုထိန်းချုပ်နယ်မြေတွေမှာ စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာစောင်တွေကို လူထုထံ လိုက်လံဖြန့်ဝေခဲ့ပါတယ်။ #ABFSU #TTSU #အတုအ‌ယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး #တနင်္သာရီမြို့နယ်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂအောက်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတရပ်က ဦးဆောင်ပြီး သုံးရက်တာ အားကစားပြိုင်ပွဲတခု ပြုလုပ်

Image
အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂအောက်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတရပ်က ဦးဆောင်ပြီး သုံးရက်တာ အားကစားပြိုင်ပွဲတခု ပြုလုပ် ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၅ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)အောက်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂတရပ်က ဦးဆောင်ပြီး ကျောင်းတွင်း ဒီဇင်ဘာအားကစားပြိုင်ပွဲ ပြုလုပ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲကိုတော့ ဒီဇင်ဘာလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကျင်းပခဲ့ပြီး နောက်ဆုံးနေ့မှာ ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ တဆက်တည်းမှာပဲ အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျောင်းသားထုနဲ့ ပြည်သူလူထုကို ကြက်သားဆန်ပြုတ်နဲ့ ဧည့်ခံကျွေးမွေးခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #အားကစားပြိုင်ပွဲ #studentsunion

ဖိနှိပ်မှုတွေကို အိုးဝေကတဆင့် ဖော်ထုတ်လိုက်ပါ

Image
ဖိနှိပ်မှုတွေကို အိုးဝေကတဆင့် ဖော်ထုတ်လိုက်ပါ ____________________________________________ ဗမာပြည်တဝှမ်းက ကျောင်းသား၊ကျောင်းသူ ညီအကို၊ မောင်နှမ အပေါင်းတို့… ဒီနေ့အချိန်ဟာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကျင်းဖို့ နီးကပ်နေတဲ့ ကာလဖြစ်ပါတယ်။ စစ်အုပ်စုဟာဆိုရင် သူရဲ့ မတရားစစ်အာဏာကို တရားဝင်မှုပြုဖို့ရာအတွက် အတုအယောင်ရွေးကောက်ပွဲကို အတင်းကာရော ကျင်းပဖို့ စိုင်းပြင်းပြင်ဆင်နေပါတယ်။ ရွေးကောက်ပွဲအောင်မြင်ရေးအတွက်လည်း မသမာတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးပမ်းနေပါတယ်။ ဒီလိုနည်းလမ်းတွေထဲက နည်းလမ်းတခုကတော့ စစ်အုပ်စု ထိန်းချုပ်နယ်မြေတွေမှာ၊ သူတို့လက်လှမ်းမှီရာဒေသတွေမှ ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို ရွေးကောက်ပွဲမှာ အတင်းအကြပ်မဲပေးဖို့ ဖိအားပေးတာပဲဖြစ်ပါတယ်။ ဗမာပြည်တလွှားက ကျောင်းသားရဲဘော်တွေအနေနဲ့ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုင်ရာ အတင်းအကြပ်ဖိအားပေးမှုမျိုး၊ အကြပ်ကိုင်မှုမျိုးကို ကိုယ်တိုင်ဖြစ်စေ အသိမိတ်ဆွေတွေထဲကဖြစ်စေ ကြုံတွေ့နေရတာမျိုးရှိတဲ့အခါ အိုးဝေကနေတဆင့် မိမိတို့ရဲ့ အသံကို ထုတ်ဖော်ပြောကြားဖို့ ဖိတ်ခေါ်ချင်ပါတယ်။  အခုလို ကြုံတွေ့နေရတဲ့ မတရားဖိနှိပ်မှုတွေကို သတင်းပေးပို့မယ်ဆ...

တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ်

Image
တနင်္သာရီမြို့နယ်သမဂ္ဂမှ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှုပြုလုပ် စက်တင်ဘာ ၁၈၊ ၂၀၂၅ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ် တော်လှန်ရေးဒေသတနေရာမှာ ၁၈ နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လှုပ်ရှားမှုမှာ စစ်ကောင်စီရဲ့ အတုအ‌‌ယောင် ရွှေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်ကြဖို့နဲ့ အာဏာရှင်မှန်သမျှကို တော်လှန်တိုက်ဖျက်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်းနဲ့ နိုင်ငံရေးအသိပညာတွေကိုလည်း အသိပညာပေး ဟောပြောခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရွှေဝါရောင်တော်လှန်ရေး #သပိတ်လှုပ်ရှားမှု #တနင်္သာရီ

စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက်

Image
စစ်အုပ်စုက ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအပေါ် သဘောထားထုတ်ပြန်ချက် ဩဂုတ်လ ၆ ရက်၊ ၂၀၂၅ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာတောင်သူလယ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ စီဒီအမ်ပညာရေးဝန်ထမ်းများသမဂ္ဂ

တနင်္သာရီမြု့နယ်‌ကျောင်းသားများသမဂ္ဂက ပြည်သူ့အခြေပြုကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်နည်း အသိပညာပေးပြီး တော်လှန်ရေး ရုပ်ရှင်ပြသ

Image
တနင်္သာရီမြု့နယ်‌ကျောင်းသားများသမဂ္ဂက ပြည်သူ့အခြေပြုကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်နည်း အသိပညာပေးပြီး တော်လှန်ရေး ရုပ်ရှင်ပြသ ဇူလိုင်လ ၁ရက်၊ ၂၀၂၅ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က တနင်္သာရီမြို့နယ်အတွင်းက ပြည်သူ့‌အခြေပြုမြေပြင်ကျောင်းတကျောင်းမှာ ယမန်နေ့က လေကြောင်းရန်ကာကွယ်နည်း သရုပ်ပြဗီဒီယိုတွေနဲ့ အခြားတော်လှန်ရေးရုပ်ရှင်တွေ ပြသခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ခေတ်အဆက်ဆက်ကျဆုံးသွားတဲ့ ရဲဘော်တွေကို အလေးပြုပြီး ကဗျာရွတ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #တနင်္သာရီ #လေကြောင်းရန်

ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး

Image
ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မှာ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် အသိပညာပေး ဇူလိုင်လ ၁ရက်၊ ၂၀၂၅ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဇွန်လ နောက်ဆုံးရက်သတ္တပတ်မှာ မြိုနယ်အတွင်းက ဒေသခံပြည်သူလူထုကို လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ် သတိပေးစာဖြန့်ဝေပြီး အသိပညာပေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ မကြာခဏ ပစ်ခတ်တိုက်ခံရတဲ့ ယင်းမာပင်နယ်ထဲက စာသင်ကျောင်း၊ လမ်းသွားလမ်းလာပြည်သူလူထုနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ အခုလို သတိပေးစာတွေ လိုက်လံဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ မေလ ၁၄ရက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ယင်းမာပင်မြို့နယ်က ၁၂တန်းကျောင်းသူ ၁ဦး သေဆုံးခဲ့ပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့အထိ မှတ်တမ်းများအရ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတဝှမ်း အရပ်သား ၁၅၀၅ဦးအထိ သေဆုံးခဲ့ပြီး ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၅ခုနှစ်တို့မှာ စစ်ကိုင်းတိုင်းဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်တယ် လို့ AAPPက ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က နိုင်ငံအနှံ့မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာတွေနဲ့ လူနေအဆောက်အဦတွေကို လက်နက်ကြီးနဲ့ လေကြောင်းက...

ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်း

Image
ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်း _______ အောက်ပါရဲဘော်များအား ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။ ကိုဝေယံဖြိုးမိုး (တွဲဘက်အတွင်းရေးမှူး - ၃၊ ဗဟိုစည်းရုံးရေးကော်မတီ) ကိုသန့်ဇင် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ) မသီရိဇော် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ) ကိုဘချို (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ) မသွန်းသီရိသူ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ) ကိုစွမ်းရည်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) ကိုထက်သူရ (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) မနုငယ် (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) ကိုသူရိန်ဇော်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ) မယုသိင်္ဂီ (အဖွဲ့ဝင်၊ မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ) ဗဟိုစည်းရုံးရေးကော်မတီ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် #ABFSU #ဗကသ

CRPH မှ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်

Image

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ်

Image
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ် ဇွန်လ ၈ရက်၊ ၂၀၂၅ ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနှင့် မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ လေကြောင်းအန္တရာယ် ကြုံတွေ့ရစဉ်မှာ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေး၊ စနစ်ကျစွာ နေထိုင်နိုင်ရေးတို့အတွက် သရုပ်ပြလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရေစကြို #မြိုင် #လေကြောင်းအန္တရာယ် 

"လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါ ဘန်နာချိတ်ဆွဲ၍ ကျောင်းသားထုလှုပ်ရှားမှုတရပ် ပြုလုပ်

Image
"လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါ ဘန်နာချိတ်ဆွဲ၍ ကျောင်းသားထုလှုပ်ရှားမှုတရပ် ပြုလုပ် ဇွန်လ ၈ရက်၊ ၂၀၂၅ ယင်းမာပင်မြို့နယ်ထဲက အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတနေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲပြီး ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။ ၂၀၂၅၊ မေလအတွင်းမှာ စစ်တပ်အထိုင်ချရာနေရာ၊ စစ်ကောင်စီစိုးမိုးဒေသတွေနဲ့ နီးစပ်ဒေသအချို့မှာ စစ်ကောင်စီက စာသင်ကျောင်း၊ ဘကကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေး ဗန်းပြပြီး ဒေသခံကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်တွေကို အတင်းအဓမ္မကောက်ခံနေပါတယ်။ တဆက်တည်းမှာပဲ ကျောင်းတွေမှာ အတန်းကျော်တက်နိုင်ရေးအတွက် ပိုက်ဆံကောက်ခံတာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းလည်ပတ်‌ရေးအတွက် ဒေသခံတွေကို ငွေကြေးပေးပြီး မသမာတဲ့ နည်းလမ်းနဲ့ လက်ဝါးကြီးအုပ်တာတွေ ပြုလုပ်နေကြပါတယ်။ ‌ဒီအ‌ခြေအနေတွေကြောင့် ဒေသခံပြည်သူလူ...

ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

Image
ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ သ၀ဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၅ ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက် ဗဟိုစည်းရုံးရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ABWU #အမျိုးသမီးသမဂ္ဂ #‌ဗမသ

ရေစကြိုနှင့် မြိုင်ကျောင်းသားများသမဂ္ဂမှ အိုးတိန်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုအား လှူဒါန်း

Image
ရေစကြိုနှင့် မြိုင်ကျောင်းသားများသမဂ္ဂမှ အိုးတိန်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုအား လှူဒါန်း မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ် ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ပူးပေါင်းပြီး မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်းမြိုနယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်းမှာ သေဆုံးသွားခဲ့တဲ့  ကျောင်းသား ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေထံ တအိမ်ထောင်ကို ရှစ်သောင်းကျပ်စီနဲ့ စုစုပေါင်း ငွေ ၁၉ သိန်း ၂သောင်းကျပ် သွားရောက်ပေးအပ်ကူညီခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရေစကြို #မြိုင် #Airstrikes #Militaryatrocities #studentsunion #အိုးတိန်တွင်း

နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း သ၀ဏ်လွှာ

Image
ယနေ့မနက်အ‌စောပိုင်း‌တွင် နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါက်တာနေဝင်း ဆုံးပါးသွားသည့် သတင်းကြားသိရသဖြင့် ဗကသများအဖွဲ့ချုပ်အနေဖြင့် မိသားစုနှင့် နည်းတူ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရပါသည်။ ဗကသများအဖွဲ့ချုပ်အနေဖြင့် ဒေါက်တာနေဝင်းအား ဦးညွှတ်ဂုဏ်ပြုရင်း ဤဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါသည်။

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်

Image
ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ် မေလ ၁၃ရက်၊ ၂၀၂၅ ခုနှစ် ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ရေစကြိုမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းက အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ပါတယ် ။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရေစကြို #တွေ့ဆုံဆွေးနွေးပွဲ #studentsunion

မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး သရုပ်ပြခြင်း၊ စာစောင်ဝေခြင်းများ ပြုလုပ်

Image
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး  သရုပ်ပြခြင်း၊ စာစောင်ဝေခြင်းများ ပြုလုပ် မေလ ၁၂ရက်၊ ၂၀၂၅ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂက မြိုင်မြို့နယ်အတွင်း လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပြည့်သူအခြေပြုကျောင်း ခုနစ်ကျောင်းက ကျောင်းသား‌ကျောင်းသူတွေကို လေကြောင်းအန္တရာယ် ကြုံတွေ့လာစဉ် ‌‌‌ဘေးအန္တရာယ် ကင်းစွာနေထိုင်နိုင်ရန်နဲ့ နည်းစနစ်ကျစွာနေထိုင်နည်း‌တွေကို‌လည်း သရုပ်ပြပေးပြီး လေ့ကျင့်ပေးခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #Airstrike #studentsunion #militaryatrocities #resistance

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

Image
ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း မေလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ် ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ (၈) ကြိမ်မြောက်ညီလာခံက ချမှတ်ပြဌာန်းခဲ့သည့် မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက် (၃) ရပ်အား လက်ခံလိုက်နာ၍ ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ရေစကြို #studentsunion #studentsmovement

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ဗကသများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အထိမ်းအမှတ် စကားဝိုင်းပြုလုပ်

Image
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ဗကသများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အထိမ်းအမှတ် စကားဝိုင်းပြုလုပ် မေလ ၉ ရက်၊ ၂၀၂၅ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က စကားဝိုင်းတခု ပြုလုပ်ခဲ့ပါတယ်။ ဒီစကားဝိုင်းမှာတော့ လက်ရှိတော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ကျောင်းသားသမဂ္ဂတွေရဲ့ စည်းရုံးရေး‌ကျယ်ပြန့်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။  သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ၈၉နှစ်ပြည့် #abfsu89th #abfsuanniversary #ကနီ

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် ၈၉နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပ

Image
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် ၈၉နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပ မေလ ၈ ရက်၊ ၂၀၂၅ ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် ၈၉  နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တွေ့ဆုံ‌ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ သမဂ္ဂရဲဘော်တွေက လက်ရှိတော်လှန်ရေးအခြေအနေတွေအကြောင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးအခန်းကဏ္ဍအကြောင်း ဆွေးနွေးခဲ့ကြပြီး ကဗျာရွတ်ဆိုခြင်းလည်း ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ဗကသ၈၉နှစ်ပြည့် #abfsu89th #abfsuanniversary