ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ
ရိုဟင်ဂျာဂျီနိုဆိုက်အောက်မေ့ဖွယ်နေ့ အခမ်းအနားများသို့ ပေးပို့သောသဝဏ်လွှာ (၂၅ ဩဂုတ်၊ ၂၀၂၆) ရက္ခိုင်မြောက်ပိုင်း၊ ကော့(ဇ)ဘဇားဒုက္ခသည်စခန်းကြီးနှင့် နိုင်ငံအတွင်းအပြင် ရုန်းကန်နေထိုင်နေရတဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာလူထုတရပ်လုံး ကျန်းမာဘေးကင်းပါစေကြောင်း ဦးစွာဆန္ဒပြုလိုပါတယ်။ ဒီနေ့ဟာ ရိုဟင်ဂျာဂျီနိုဆိုက်ကို ပိုပြီး အမှတ်ရကြရမယ့် နေ့တနေ့ဖြစ်ပါတယ်။ သမိုင်းတလျှောက်မှာ ရိုဟင်ဂျာတွေအနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာနဲ့ ဥပဒေရေးရာလိုကိစ္စရပ်တွေလို ဥပဒေဘောင်တွင်း ဖိနှိပ်မှုများကစလို့ နေ့စဉ်လူနေမှုဘဝမှာပါ ခွဲခြားဖိနှိပ်ခံရတာတွေ၊ ကန့်သတ်ခံရတာတွေ၊ လူအဖြစ်က လျှော့ချစဉ်းစားခံရတာတွေအထိ ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖိနှိပ်မှုတွေဟာ နောက်ဆုံးမှာတော့ လူသားသမိုင်းရဲ့ အကျည်းတန်ဆုံးဖြစ်ရပ်ဖြစ်တဲ့ ဂျီနိုဆိုက်လူမျိုးသုဉ်းသတ်ပွဲကြီးအထိ ရောက်ရှိသွားခဲ့ပါတယ်။ မိခင်ရှေ့မှာတင် နို့စို့အရွယ်ကလေးငယ်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေလည်း မြောက်များစွာ ရှိခဲ့ပါတယ်။ ဒါတွေဟာ အခုချိန်ထိ မရပ်တန့်နေသေးပါ။ - အရင် ၂၀၂၁ အလွန် ဒီလိုနေ့မှာဆိုရင် ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေက ရိုဟင်ဂျာလူထု...