ရန်ကုန်တွင် ဗကသကျောင်းသားများမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
❝ပြည်သူလူထုအနာဂတ်အတွက်
စစ်အာဏာရှင်စနစ် အမြစ်ဖြတ်❞
ယနေ့ (၂၅/၁၀/၂၀၂၁) တွင် လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက(၂)အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ပူးပေါင်း၍ ရန်ကုန်မြို့ လှိုင်သာယာမြို့တွင်း စျေးတခုတွင် ❝ပြည်သူလူထုအနာဂတ်အတွက်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်❞ စာသားပါ ဘန်နာ၊ အကသ အလံတော် နှင့် ဗကသ အလံတော်များ ကိုင်စွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါသည်။
#ဗကသများအဖွဲ့ချုပ်
#ABSFU