Popular Posts
Statement Condemning the Mandatory Conscription Law
The Mandatory Conscription Law enacted by the State Administration Council [SAC] or the coup council is thrusting the country into an even deeper pit of hellfire. This Mandatory Conscription Law will bring added misery to the more than 50 million people of Myanmar while currently also facing a general crisis. The crisis deepens with soaring food prices and rampant inflation due to the ongoing military offensive against civilians, economic mismanagement, and stagnant wages. This Mandatory Conscription Law will result in distrust that will lead to social collapse and Burma [Myanmar] will become a failed state. The Mandatory Conscription Law proves that the military dictatorship is currently facing a crisis and this is their desperate attempt to hold onto power. We have an opportunity to build genuine unity for the people's liberation movement to grow, despite
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြုသဝဏ်လွှာ
သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၄ ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက် ၂၀၁၂ - ၁၅ ဗကသမျိုးဆက်၊ ပုသိမ်ခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ပုသိမ်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့၏ အဖွဲ့ဝင် (ဟောင်း) ဖြစ်သူ ရဲဘော်အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၄ ခုနှစ် မတ်လ ၂၂ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီးအား ကျွန်ုပ်တို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။ “မြေဝသုန်ရေ . .