ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား ဇန်နဝါရီ ၇ ရက်နေ့တွင် ရုံးထုတ်မည်ဖြစ်ပြီး ထောင်တွင်းအကြမ်းဖက် နှိပ်စက်ခံထားရသောကြောင့် ကျန်းမာရေးထိခိုက်မှုများ ရှိနေ


ဇန်နဝါရီ ၆၊ ဗကသ

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုးအား အမိန့်ချရန် ကျန်ရှိနေသေးသည့် မတရားစွဲဆိုထားသော ပုဒ်မများကို မနက်ဖြန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့၌ ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။ ကိုဝေယံဖြိုးမိုးကို ကျောက်တံတားမြိုနယ်တရားရုံးမှ မတရားစွဲဆိုထားသော ပုဒ်မ ၂ ခုအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့၌ ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်အပြီးတွင် ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ခဲ့သည်။

ကိုဝေယံဖြိုးမိုးအား အင်းစိန်ထောင် သပြေဆောင်သို့ ပြောင်းရွှေ့ရာတွင် သပြေဆောင်မှူးမှ ဖိနပ်နှင့် ပါးရိုက်ခဲ့ပြီး ပုံ‌စံခန်းသို့ခေါ်ဆောင်ကာ အကျဉ်းသား ၅ ‌ယောက်မှ ၂ ကြော့ပြန်ကာ ထိုးကြိတ်ရိုက်နှက် နှိပ်စက်ခဲ့မှုများကြောင့် ကိုဝေယံဖြိုးမိုး၏ မျက်နှာ၊ လည်ပင်းနှင့် နံရိုးများတွင် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ပြင်းထန်သည့်ဒဏ်ရာများရခဲ့ပြီး ဆေးကုသခွင့်ရရန် တောင်းဆိုထားသည်။ ကိုဝေယံဖြိုးမိုးသည် အကြမ်းဖက်နှိပ်စက်ခံရသော ဒဏ်ရာများကြောင့် ယခုအချိန်တွင် ဆိုးရွားစွာ ကျန်းမာရေးချို့ယွင်းလျှက်ရှိပြီး အမြန်ဆုံး ဆေးကုသခွင့်ရရန် လိုအပ်နေကြောင်း သိရသည်။

#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#ABFSU

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်