အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်
မတ်လ ၂၉၊ ဗကသ
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၌ မတ်လ ၂၉ ရက်နေ့တွင် အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးရွာလူထုပါဝင်သော ကျောင်းသား-လူထု သပိတ်စစ်ကြောင်းသည် ❝သာတူညီမျှတဲ့လောက လူထုအားနဲ့တိုက်ယူကြ❞ စာသားပါဘန်နာအား ကိုင်ဆောင်ပြီး ဗကသခွပ်ဒေါင်းအောင်လံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU