ဗကသများအဖွဲ့ချုပ် နှင့် ဒေသခံလူထု ပူးပေါင်း၍ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုပြုလုပ်
မတ်လ ၂၀၊ ဗကသ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ် ၃၇၅ ရက်မြောက်နေ့အဖြစ် မတ်လ ၂၀ ရက်နေ့တွင် ကျောင်းသားသမဂ္ဂခွပ်ဒေါင်းအောင်လံအား လွှင့်ထူကာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
#သတင်းနှင့်ပြန်ကြားရေးဗျူရို
#ဗကသများအဖွဲ့ချုပ်
#abfsu