ရွှေပြည်သာတွင် ဗကသများအဖွဲ့ချုပ်နှင့် ရွှေပြည်သာသပိတ်ကော်မတီမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဘန်နာချိတ်ဆွဲ
၂၀၂၂ ဧပြီ ၃၀၊ ဗကသ
ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ တို့ ပူးပေါင်း၍ “ဘယ်ကောင်သေရဲလဲဆိုတဲ့ မေးခွန်းကို မင်းလက်ထဲကသေနတ် ဘေးချပြီးမှမေးကြည့်လေ” စာသားပါဘန်နာအား ဧပြီလ ၃၀ ၌ ရွှေပြည်သာတံတားတွင် ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu