စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ရဲဘော်မင်းသူ (ခ) ကိုကောင်းမြတ်စိုး (ရွှေဘိုခရိုင်ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင်ဟောင်း ) သို့ ဂုဏ်ပြု‌သဝဏ်လွှာ


သဝဏ်လွှာအမှတ် - ၈/ဗကသ/၂၀၂၂
ရက်စွဲ - ၂၀၂၂ ခုနှစ် မေလ ၂၉ ရက်

                  ရွှေဘိုခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ အလုပ်အမှုဆောင်အဖွဲ့ဝင်(ဟောင်း) ဖြစ်သူ ရဲဘော်မင်းသူ (ခ) ကိုကောင်းမြတ်စိုးသည် စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း၊ ပြည်သူ့တာဝန်များကို ထမ်းဆောင်ရင်း ၂၀၂၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ကျဆုံးသွားပါသည်။ စစ်အာဏာရှင်စနစ်အား တွန်းလှန်တိုက်ဖျက်ရင်း အာဇာနည်ပီသစွာဖြင့် အသက်ပေးလှူကာ မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် ကိုမင်းသူ (ခ) ကိုကောင်းမြတ်စိုးအား ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အစဉ်အမြဲအောက်မေ့ သတိရနေမည်ဖြစ်သည်။ ရဲဘော်၏ မပြီးပြတ်သေးသော စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ဖျက်ရေး တာဝန်များ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး တာဝန်များကို အလုံးစုံကျေပွန်သည့်အထိ ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ အဖိနှိပ်ခံပြည်သူလူထုနှင့်အတူ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကိုလည်း ကျ‌ဆုံးရဲဘော်များအား တိုင်တည်ကာ ကတိသစ္စာပြုအပ်ပါသည်။

❝ မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီလို့ကြိုပေတော့ ❞

ဗဟိုအမှုဆောင်အဖွဲ့
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်