အရာတော်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့
၂၀၂၂ ဇူလိုင်လ ၂၇၊ ဗကသ
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဇူလိုင်လ ၂၆ ရက်နေ့၌ အရာတော်မြို့နယ်ဆိုင်းဘုတ်တွင် ဆေးနီပတ်ဖြန်း၍ ဖက်ဆစ်တပ်၏ မတရားစီရင်သတ်ဖြတ်ခြင်းခံရသော အာဇာနည်သူရဲကောင်းများအတွက် "ကျဆုံးခန္ဓာအတွက် စိတ်ဝိဉာဉ်နဲ့ ရှေ့ဆက် ခြောက်လှန့် တော်လှန်မယ်ဟေ့"၊ "သွေးကြွေးဆပ်ဖို့ ပြင်ထားကြ၊ ကမ္ဘာမကြေဘူး" စာသားဘန်နာများ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #whathappeninginmyanmar