ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က “ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်


၂၀၂၂ ဇူလိုင် ၆၊ ဗကသ

“ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ” နှစ် ၆၀ ပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) ၀င် ကျောင်းသားသမဂ္ဂများ နှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ “ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲ၊ တိုက်ပွဲအလီလီ ဆင်နွှဲ” စာသားပါဘန်နာဖြင့် ရန်ကုန်တွင် ယနေ့ ဇူလိုင်လ ၆ ရက်နေ့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။




အဆိုပါလှုပ်ရှားမှုကို ဗကသများအဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂများနှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်သော Yangon's Rebels Strike Commitee-YRSC၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ပုဇွန်တောင်-ဗိုလ်တထောင် လူငယ်များသပိတ်ကော်မတီ (PBYSC) နှင့် ထား၀ယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ထ၀အကသ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။




သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #2022_7July #WhatHappeningInMyanmarNow

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ