အရာတော်ဒေသတွင် ဗကသများအဖွဲ့ချုပ်က (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ ဇူလိုင် ၂၀၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ (၇၅)နှစ်ပြည့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် “လူမျိုးကြီးဝါဒတိုက်ဖျက်ကြ အာဇာနည်ဟာကိုးဦးမက” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဇူလိုင်လ ၁၉ ရက်နေ့၌ အရာတော်မြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။



လူထုသပိတ်စစ်ကြောင်း လုံခြုံရေးအတွက် လာရောက်ဝန်းရံပြီး လုံခြုံရေးယူပေးကြသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။



မှတ်ချက်။ ဖက်ဆစ်တပ်မှ အရာတော်ဒေသအား အင်တာနက်ဖြတ်တောက်ထားသောကြောင့် သတင်းထုတ်ပြန်မှု နောက်ကျခြင်းဖြစ်ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar
#19July

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်