အရာတော်ဒေသတွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ သြဂုတ် ၂၆၊ ဗကသ
အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အထက (ခွဲ) ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဦးဆောင်၍ ကျောင်းသား/ပြည်သူ ထောင်ချီပါဝင်သော သပိတ်စစ်ကြောင်းသည် ဗကသခွပ်ဒေါင်းအောင်လံတော်အား လွှင့်ထူကာ အရာတော်မြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့၌ "လူထုလက်ရုံးနဲ့တည်ဆောက် တပ်ပေါင်းစုနဲ့ ချီတက်" စာသားပါဘန်နာအား ကိုင်စွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
(လှုပ်ရှားမှုတွင် လုံခြုံရေးတာဝန်ယူပေးပါသော ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အထူးကျေးဇူးတင်ရှိပါသည်။)
သတင်းနှင့်ပြန်ကြားဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #gsc #whatshappeningnowinmyanmar