မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ စက်တင်ဘာ ၃၀၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "ဗမာပြည်သစ်အတွက်တိုက်ပွဲဝင်ကြ ပြည်သူ့အာဏာတည်ဆောက်ကြ"၊ "ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမယ်"၊ "ဘုံရန်သူတူနေရင် ညီညွတ်ရေးလည်းယူနိုင်ရမယ်"၊ "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" အစရှိသည့် စာသားပါဘန်နာများဖြင့်ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ -AAMIJ
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar