ဗကသဒုဥက္ကဌအား အပြီးသတ်အမိန့်ချသည့်နေ့တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ စက်တင်ဘာ ၂၈၊ ဗကသ


ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဌ ကိုဝေယံဖြိုးမိုး၏ မိန့်ခွန်းကြွေးကြော်သံဖြစ်သည့် "ဒီမိုကရေစီကိုစျေးမဆစ်နဲ့ အကုန်ရရင်ရ မရရင် ဘာတခုမှမလိုချင်ဘူး" ဟူသည့် စာသားပါဘန်နာနှင့် "သွေးကြွေးတွေ မျိုးဆက်ထပ်မကူးစေနဲ့"၊ "နှောင်ကြိုးမှတပါး ဆုံးရှုံးစရာမရှိ" စာသားပါဘန်နာများဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို မတရားဖမ်းဆီးခံထားရသော ဗကသဒုဥက္ကဌအား အပြီးသတ်အမိန့်ချမှတ်ခံရသည့် ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြိုင်မြို့နယ်၌ ပြုလုပ်ခဲ့ကြသည်။ 








အဆိုပါလှုပ်ရှားမှုကို ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။














ဓာတ်ပုံ - BEGSC-MYAING


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#ABFSU #whathappeninginmyanmar #ကိုဝေယံဖြိုးမိုး #ဗကသ #ဒုဥက္ကဌ

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်