မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ အောက်တိုဘာ ၂၂၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "စစ်ကျွန်ပညာရေး ဖျက်သိမ်းရေးမှသည် ဒီမိုကရေစီပညာရေး တည်ဆောက်ရေးဆီသို့" စာသားပါဘန်နာဖြင့် မြိုင်မြို့နယ်၌ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - BEGSC Myaing
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar