မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ အောက်တိုဘာ ၅၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ မြိုင်မြို့နယ်ပညာရေးဘုတ်အဖွဲ့နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "တောင်တန်းမြေပြန့် ညီညွတ်ကြ"၊ "စစ်ပုလ္လင်ကို ရိုက်ချိုးမယ့် တော်လှန်မျိုးဟေ့ ဒို့ဆရာ"၊ "ကြောက်ခေတ်ကို မှောက်ပစ် ပုန်ကန်ခေတ်ရဲ့ ဆရာစစ်" အစရှိသည့် စာသားပါဘန်နာများဖြင့် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုတွင် ပူပေါင်းဝန်းရံပေးသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များအား ကျေးဇူးအထူးတင်ရှိပါသည်။
ဓာတ်ပုံ - Ayyarwady CJ
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #whathappeninginmyanmar