ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ အောက်တိုဘာ ၁၀၊ ဗကသ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ (YRSC)၊ Burmese Youth Revolution Force (BYRF) တို့ပူးပေါင်း၍ "အဖိနှိပ်ခံတို့ညီညွတ်ကြ၊ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ လုံခြုံရေးတင်းကျပ်သည့် အခြေအနေအရပ်ရပ်ကြားမှ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ရန်ကုန်မြို့တွင် ယနေ့ အောက်တိုဘာ ၁၀ ရက်နေ့၌ ပြုလုပ်ခဲ့ကြသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #whathappeninginmyanmar