မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ နိုဝင်ဘာ ၁၂၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "သူရဲကောင်းဝါဒဆန့်ကျင်ကြ တော်လှန်ရေးကိုဆုံးခန်းတိုင်ဆင်နွှဲကြ"၊ "ကယ်တင်ရှင်ဘယ်သောအခါမှမရှိ"၊ "ရန်သူကရန်ငါပြတ်သလို ငါတို့လည်းကောက်ရိုးမီးမဟုတ်ကြောင်း သက်သေပြဖို့လိုတယ်" စာသားပါဘန်နာများဖြင့် မြိုင်မြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - BEGSC Myaing
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar