မဟာအောက်တိုဘာတော်လှန်ရေး (၁၀၅) နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၂ နိုဝင်ဘာ ၄၊ ဗကသ


ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ မဟာအောက်တိုဘာတော်လှန်ရေး (၁၀၅) နှစ်ပြည့် အထိမ်းအမှတ်အကြိုအဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။










ယင်းလှုပ်ရှားမှုကို "အဖိနှိပ်ခံတို့ညီညွတ်ကြ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ" တိုက်ပွဲခေါင်းစဉ် အပါအဝင် "တောင်းဆိုနေတာမဟုတ် တိုက်ယူနေတာ"၊ "နင်းသတ်လို့မသေ ဆက်တိုက်လို့နေ"၊ "ဒီအချိန်မှာ မစည်းလုံးရင် ဘယ်အချိန်မှ စည်းလုံးမှာလဲ"၊ "နည်းနာအစုံသူပုန်ထ စစ်သုံးစစ်ကိုအမြစ်ဖြတ်"၊ "ရန်သူကညှိနှိုင်းလို့မရတဲ့ ရန်သူ၊ ရန်သူနဲ့ညှိနှိုင်းတဲ့သူဟာလည်း ရန်သူပဲ ဖြစ်မှာပဲ"၊ "ဖိနှိပ်သူနဲ့ဖိနှိပ်ခံပဲရှိတယ် ဘာသာလူမျိုးမခွဲခြားဘူး" စာသားပါဘန်နာများဖြင့် မြိုင်မြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ 






ဓာတ်ပုံ - IRW CJ


သတင်းနှင့်ပြန်ကြားရေးဗျူရို

ဗကသများအဖွဲ့ချုပ်

#abfsu #whathappeninginmyanmar

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်