မြိုင်မြို့နယ်တွင် ဗကသရဲဘော်များနှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ နိုဝင်ဘာ ၂၀၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING)၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ စစ်အာဏာရှင်စနစ်ကိုအမြစ်ဖြတ်ချေမှုန်းကြ"၊ "လွတ်လပ်မှုအတွက်တိုက်ပွဲဝင် အမျိုးသားအောင်ပွဲမကြာမီ" စာသားပါဘန်နာများဖြင့် မြိုင်မြို့နယ်၌ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
ဓာတ်ပုံ - IRW CJ
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar