ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များ ပူးပေါင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၂ ဒီဇင်ဘာ ၁၄၊ ဗကသ
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ - DPNS၊ လူ့ဘောင်သစ်လူငယ် - YNS နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်သပိတ်ကော်မတီ တို့ ပူးပေါင်း၍ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် "စေ့စပ်ရေးအတွေးအခေါ်ကို ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar
#စေ့စပ်ရေးအတွေးအခေါ်ကိုဆန့်ကျင်ကြ
#စစ်သုံးစစ်ကိုအမြစ်ပြတ်တိုက်ဖျက်ကြ