ဗကသရဲဘော်များနှင့် မဟာမိတ်အဖွဲ့အစည်းများ ပူးပေါင်း၍ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၃ ဇန်နဝါရီ ၇၊ ဗကသ
ဗကသရဲဘော်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ မြိုင်မြို့နယ်အခြေခံပညာအထွေထွေသပိတ်ကော်မတီ (BEGSC-MYAING) နှင့် ဒေသခံပြည်သူလူထု ပူးပေါင်း၍ "ဗမာပြည်သစ်အတွက် တိုက်ပွဲဝင်ကြ ပြည်သူ့အာဏာတည်ဆောက်ကြ"၊ "Stop Executing Our Teachers" စာသားပါဘန်နာများအား ကိုင်စွဲကာ ယနေ့ ဇန်နဝါရီလ ၇ ရက်နေ့၌ မြိုင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှုပ်ရှားမှုကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက လုံခြုံရေးဆိုင်ရာအတွက် တာဝန်ယူဝန်းရံပေးခဲ့ပါသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #whathappeninginmyanmar