မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်
၂၀၂၃ ဖေဖော်ဝါရီ ၁၊ ဗကသ
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ) နှင့် ဒေသခံလူထု ပူးပေါင်း၍ ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် "ဖက်ဆစ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ" စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု၊ ဖက်ဆစ်ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါသည်။
အဆိုပါလှုပ်ရှားမှုတွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းဝန်းရံခဲ့ကြသည်။
သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #ဖက်ဆစ်ရွေးကောက်ပွဲ #နွေဦးတော်လှန်ရေး၂နှစ်ပြည့် #whathappeninginmyanmar