ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုများ ပြုလုပ်
၂၀၂၃ နိုဝင်ဘာ ၂၃၊ ဗကသ
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တော်လှန်စစ်ကို ဝန်းရံထောက်ခံရန် အဖိနှိပ်ခံလူထုကြီးတရပ်လုံး အလုံးစုံ လွတ်မြောက်သည်အထိ ဟန်ချက်ညီညီဖြင့် စုပေါင်းညီညွတ်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖျက်တိုက်ဖျက်ကြရန်နှင့် ပြည်သူလူထုကြုံတွေ့နေရသည့် အထွေထွေအကျပ်အတည်း ဖြေရှင်းရေးတိုက်ပွဲဝင်ကြရန် ရည်ရွယ်၍ “ငြိမ်းချမ်းရေးအတွက်တိုက်ပွဲရှိရမယ်”၊ “အထွေထွေအကျပ်အတည်း ဖြေရှင်းရေးမှသည် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဆီသို့” ခေါင်းစဥ်များဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို နိုဝင်ဘာလ ၂၃ ရက်နေ့၌ ကနီမြို့နယ်တွင် ပြုလုပ်ခဲ့ပါသည်။