ယင်းမာပင်နဲ့ ဆာလင်းကြီးက စစ်ရှောင်ပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က အာဟာရဒါန ပြုလုပ်

၂၀၂၄ ဧပြီ ၁၅၊ ဗကသ

ပြည်သူတွေရဲ့ စုပေါင်းအလှူငွေတွေနဲ့ ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ ရက်သတ္တပတ်ကျော်ကြာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဧပြီလ ၁၄ ရက်နေ့က နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ အဆိုပါလှူဒါန်းမှုမှာ အညာပစ်တိုင်းထောင်လေးများအဖွဲ့က မြေပြင်မှာ အကျွေးအမွေး လုပ်အားအဖြစ် ကူညီပေးခဲ့ပါတယ်။ စစ်ရှောင်များအတွက် လှူဒါန်းပေးတဲ့ ပြည်သူတဦးတယောက်ချင်းစီတိုင်းကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ယင်းမာပင် #ဆားလင်းကြီး #စစ်ဘေးရှောင် #နေ့လယ်စာ #ကျွေးမွေး #လှူဒါန်း

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်