ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ ပြည်သူလူထုကို မုန့်လုံးရေပေါ်တွေ ဝေငှပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်


၂၀၂၄ ဧပြီ ၁၃၊ ‌ဗကသ

ဗကသများအဖွဲ့ချုပ်၊ တာမွေမြို့နယ်သပိတ်ကော်မတီ (TSC)၊ မင်္ဂလာတောင်ညွန့်သပိတ်ကော်မတီ (MGTN GSC)၊ လူ့ဘောင်သစ်လူငယ် (YNS)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ Owl Community၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) တို့ ပူးပေါင်းပြီး ရန်ကုန်လူထုကို ဒီကနေ့ ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့မှာ မုန့်လုံးရေပေါ်တွေ အာဟာရဒါနဖြစ် ဝေငှခဲ့ပါတယ်။






အဆိုပါလှုပ်ရှားမှုမှာ မတရားစစ်မှုထမ်းဥပဒေ အပါအဝင် ပြည်သူလူထု တရပ်လုံးအပေါ် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို လူထုရဲ့စုပေါင်းအားနဲ့ တခဲနက် ဆန့်ကျင်တိုက်ဖျက်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။







သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#abfsu #ဗကသ #မတရားစစ်မှုထမ်းဥပဒေ #သင်္ကြန် #မုန့်လုံးရေပေါ်

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်