Posts

Showing posts from June, 2024

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

Image
၂၀၂၄ ဇွန် ၃၀၊ ဗကသ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန (NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်တွေက ဆိုင်ကယ်ဖြင့်တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းအာဏာပိုင်တွေနဲ့ ပသုံးလုံးတို့ ပူးပေါင်းပြီး ကျောင်းသားတွေကို စစ်ကောင်စီစာသင်ကျောင်းတွေလို ဖိနှိပ်ရေးစည်းကမ်းတွေ ထုတ်ပြန်ပြီး လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ဖိနှိပ်နေပါတယ်။  ဒါ့ကြောင့် ပြည်သူလူထုနဲ့ပူးပေါင်းပြီး ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပသုံးလုံးယန္တာရားဖိနှိပ်မှုနဲ့ ကျောင်းအာဏာပိုင်တွေက စစ်ကောင်စီကဲ့သို့ ဖိနှိပ်နေမှုအပေါ် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ “စစ်သုံးစစ်ကို တိုက်ဖြတ်ကြ”၊ “ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်”၊ “တန်ပြန်တော်လှန်ရေး လုပ်ရပ်များ ဆန့်ကျင်ကြ”၊ “ကျောင်းသားများကို ဖိနှိပ်မှုအလိုမရှိ”၊ “ပ သုံးလုံး အလိုမရှိ”၊ “ပ

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က အရာတော်မှာ ပန်ဖလက်တွေ ဖြန့်ဝေ

Image
၂၀၂၄ ဇွန် ၂၉၊ ဗကသ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ ဆလိုင်းတင်မောင်ဦး ကိုယ်ရေးအကျဉ်း ပန်ဖလက်တွေကို ဇွန်လ ၂၉ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ဆလိုင်းတင်မောင်ဦး

သံဃာ့သပိတ်ကို အရာတော်မြို့နယ်ဗကသ က ပူးပေါင်းဝန်းရံ

Image
၂၀၂၄ ဇွန် ၂၉၊ ဗကသ အမှန်တရားဘက်က ရဲရဲဝံံဝံ့ရပ်တည်ပြီး လမ်းမပေါ်မှာ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်တိုက်ပွဲဝင်နေတဲ့ သံဃာထုကို ဒီကနေ့ ဇွန်လ ၂၉ ရက်နေ့မှာ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပူးပေါင်းဝန်းရံပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ပတ္တနိက္ကုဇ္ဇနကံဆောင်သံဃာ့သပိတ်

ဗကသများအဖွဲ့ချုပ်က ဘုတလင်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဇွန် ၂၇၊ ဗကသ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က “အထွေထွေအကျပ်အတည်းနဲ့ မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ တိုက်ဖျက်ကြ” စာသားပါဘန်နာနဲ့ ဘုတလင်မြို့နယ်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ်ကို ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ဆလိုင်းတင်မောင်ဦး #မတရားစစ်မှုထမ်းဥပဒေ #အထွေထွေအကျပ်အတည်း

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဘုတလင်မှာ ပန်ဖလက်တွေ ဖြန့်ဝေ

Image
၂၀၂၄ ဇွန် ၂၇၊ ဗကသ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်မှာ ဆလိုင်းတင်မောင်ဦး ကိုယ်ရေးအကျဉ်း ပန်ဖလက်တွေကို ဇွန်လ ၂၆ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #ဆလိုင်းတင်မောင်ဦး

ဗကသများအဖွဲ့ချုပ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို အာဟာရဒါန ပြုလုပ်

Image
၂၀၂၄ ဇွန် ၈၊ ဗကသ ယင်းမာပင်မြို့နယ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို အလှူရှင်နှစ်ဦးကိုယ်စား ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇွန်လ ၈ ရက်နေ့မှာ ထမင်းတနပ်စာ အာဟာရဒါန ပြုလုပ်ခဲ့ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့ အလှူရှင်နှစ်ဦးကို စစ်ရှောင်ပြည်သူတွေကိုယ်စား ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #abfsu #ဗကသ #အာဟာရဒါန

ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြုကျောင်းတကျောင်းကို စာရေးကိရိယာများ ထောက်ပံ့

Image
၂၀၂၄ ဇွန် ၅၊ ဗကသ ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ယင်းမာပင်မြို့နယ်က ပြည်သူ့အခြေပြု စာသင်ကျောင်းတကျောင်းကို သင်ထောက်ကူပစ္စည်းတွေ စာရေးကိရိယာတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ အခုလို ထောက်ပံ့နိုင်ဖို့ ကူညီပံ့ပိုးခဲ့တဲ့ မိဘပြည်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ဗကသ #abfsu #သင်ထောက်ကူ #စာရေးကိရိယာ #ပြည်သူ့အခြေပြုကျောင်း