ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

၂၀၂၄ ဇွန် ၃၀၊ ဗကသ

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန (NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်တွေက ဆိုင်ကယ်ဖြင့်တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်းတွေမှာလည်း ကျောင်းအာဏာပိုင်တွေနဲ့ ပသုံးလုံးတို့ ပူးပေါင်းပြီး ကျောင်းသားတွေကို စစ်ကောင်စီစာသင်ကျောင်းတွေလို ဖိနှိပ်ရေးစည်းကမ်းတွေ ထုတ်ပြန်ပြီး လူတိုင်းလွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ဖိနှိပ်နေပါတယ်။ 


ဒါ့ကြောင့် ပြည်သူလူထုနဲ့ပူးပေါင်းပြီး ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပသုံးလုံးယန္တာရားဖိနှိပ်မှုနဲ့ ကျောင်းအာဏာပိုင်တွေက စစ်ကောင်စီကဲ့သို့ ဖိနှိပ်နေမှုအပေါ် ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲမှာ “စစ်သုံးစစ်ကို တိုက်ဖြတ်ကြ”၊ “ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်”၊ “တန်ပြန်တော်လှန်ရေး လုပ်ရပ်များ ဆန့်ကျင်ကြ”၊ “ကျောင်းသားများကို ဖိနှိပ်မှုအလိုမရှိ”၊ “ပ သုံးလုံး အလိုမရှိ”၊ “ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ မုချအောင်ရမည်” စတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဒီကနေ့ ဇွန်လ ၃၀ ရက်နေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ပသုံးလုံး #စကစ #စစ်သုံးစစ်

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ