Posts

Showing posts from July, 2024

ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အင်အားစုတွေက ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

Image
၂၀၂၄ ဇူလိုင် ၃၁၊ ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) နဲ့ Yangon Revolution Force တို့ ပူးပေါင်းပြီး ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ၅၃ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ “ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ဗကသ #ကိုကိုးကျွန်းတိုက်ပွဲ #ကိုကိုးကျွန်းသူရဲကောင်းများနေ့ #WhatsHappeningInMyanmar

ဘုတလင်မှာ ဗကသရဲဘော်သုံးဦး ကျဆုံးခြင်း တနှစ်ပြည့်အခမ်းအနား ပြုလုပ်

Image
၂၀၂၄ ဇူလိုင် ၂၈၊ ဗကသ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့ ဥက္ကဌ ရဲဘော်ကျော်ဝင်းသန့်၊ ဒုဥက္ကဌ ရဲဘော်ကြယ်စင်ငြိမ်းချမ်းနဲ့ သတင်းပြန်ကြားရေးမှူး ရဲဘော်သုတနေတို့ ကျဆုံးခြင်း တနှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားတရပ်ကို ဒီကနေ့ ဇူလိုင်လ ၂၈ ရက်နေ့က ဘုတလင်မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်‌။