တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားပြုလုပ်

၂၀၂၄ ဩဂုတ် ၈၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တနင်္သာရီမြို့နယ်အတွင်းမှာ ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ကျောင်းသားထုနဲ့ ပြည်သူလူထုကို အလေးပြုခြင်း၊ ၈၈၈၈ သမိုင်းကို ဆွေးနွေးတင်ပြခြင်းနဲ့ လက်ရှိနိုင်ငံ‌ရေးအခြေအနေတွေကို ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါတယ်။


သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ ##8888 #တနင်္သာရီ
#WhatsHappeningInMyanmar

Popular Posts

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ