တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသား၊ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်ကျင်းပ


တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် ကျောင်းသား၊ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်ကျင်းပ

၂၀၂၄၊ နိုဝင်ဘာ ၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အမျိုးသား‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ပြီး ကျောင်းသား၊ ပြည်သူလူထု သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့ဆန့်ကျင်ရေး ပထမကျောင်းသားသပိတ် ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ စစ်(၃)စစ်ဆန့်ကျင်တိုက်ဖျက်ရေး လူထုသပိတ်တရားတွေ ဟောပြောခဲ့ပြီး အဲ့ဒီနောက်မှာတော့ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ် (၃) စစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"ပါ  ဘန်နာစာသားကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ  #အမျိုးသားနေ့ #ပထမကျောင်းသားသပိတ် #သပိတ်စစ်ကြောင်း #လှုပ်ရှားမှု #whatshappeningnowinmyanmar

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ

ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေ ပူးပေါင်းပြီး အရာတော်မြို့နယ်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးအတော်ပုံ နှစ်ပတ်လည်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်