မြိုင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

မြိုင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၀

မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို မြိုင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။

အခမ်းအနားတွင် သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ''ကျောင်းသားနေ့'' ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်း၊ ကဗျာရွတ်ခြင်း၊ ဒီမိုကရေစီပညာရေးစနစ်အ‌ကြောင်း ဆွေးနွေးပြောကြားခြင်း၊ သပိတ်တရားဟောကြားခြင်းနှင့်  'ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့' ခေါင်းစဉ်ဖြင့် လက်ရှိတော်လှန်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။

#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ

Popular Posts

ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

Statement Condemning the Mandatory Conscription Law

စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော် အောင်ခန့်ဇော် (ခ) ကိုဂျပန်ကြီး သို့ ဂုဏ်ပြု‌သဝဏ်လွှာ