Posts

Showing posts from February, 2025

Skyline ကောလိပ် ကျောင်းသားသမဂ္ဂမှ ရဲဘော်ညီမင်းသူကျဆုံးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

Image
Skyline ကောလိပ် ကျောင်းသားသမဂ္ဂမှ ရဲဘော်ညီမင်းသူကျဆုံးခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ် ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၂၅ Skyline ကောလိပ် ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ကျောင်းတွင်းကျင်းပပြုလုပ်ခဲ့တဲ့ ကျောင်းသားလက်ဘက်ရည်ဝိုင်းမှာ “ရှင်သန်နေဆဲ ကျဆုံးရဲဘော်” ခေါင်းစဉ်နဲ့ ရဲဘော်ညီမင်းသူကျဆုံးမှု အထိမ်းအမှတ်စာစောင်ကို အတူဖတ်ရှု၊ ဆွေးနွေးဂုဏ်ပြုခဲ့ကြပါတယ်။ လက်ဖက်ရည်ဝိုင်းအပြီးမှာလည်း ဘုံရန်သူ စစ်အာဏာရှင်စနစ်ကို ထောက်တိုင်ပြုနေတဲ့ စစ်သုံးစစ်ကို အမြစ်ဖြတ်ရေး၊ တပ်ပေါင်းစု တည်ဆောက်ရေး အကြောင်းအရာတွေကိုလည်း လေ့လာဆွေးနွေးခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #Oway #ညီမင်းသူ #ရှင်သန်နေဆဲကျဆုံးရဲဘော် #Skyline #လက်ဘက်ရည်စကားဝိုင်း

ပုလဲမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

Image
ပုလဲမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၂၅  ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုထံ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်တွေကို ဒီကနေ့ မနက်ပိုင်းမှာ ဖြန့်ဝေခဲ့ကြပါတယ်။ ဒီလက်ကမ်းစာစောင်တွေမှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) အကြောင်း အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ်ပါရှိပြီး စက်တပ်လေထီးတွေနဲ့ တိုက်ခိုက်လာချိန်မှာ ဘယ်လိုကာကွယ်တိမ်းရှောင်ရမလဲဆိုတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ပုလဲ #လေကြောင်းအန္တရာယ် #စက်တပ်လေထီး #paramotor

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်

Image
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံ ဆွေးနွေးပွဲတရပ် ပြုလုပ် ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅ ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ  ပြည်သူလူထုနဲ့အတူ တွေ့ဆုံဆွးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ လက်ရှိတော်လှန် ရေးအခြေအနေတွေအကြောင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးရပ်တည်ချက်အမြင်နဲ့ လုပ်ငန်းစဉ်တွေအကြောင်း စတာတွေကို ချပြဆွေးနွေးခဲ့ပြီး တော်လှန်ရေးအနိုင်အရှုံးကို ပြည်သူလူထုတရပ်လုံးကသာ အဆုံးအဖြတ်ပေးနိုင်မယ်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကနီ #ဗကသ #နွေဦးတော်လှန်ရေး

ဗကသများအဖွဲ့ချုပ်က ကနီမြို့နယ်တွင် လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

ဗကသများအဖွဲ့ချုပ်က ကနီမြို့နယ်တွင် လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲများ ပြုလုပ် ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅ ကနီမြို့နယ် ပြည်သူ့အခြပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေ ပူးပါင်းပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနှင့်အတူ ဆွေးနွေး‌ပြောဆိုခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် ##ABFSU #Oway #ကနီ #လူထုတွေ့ဆုံဆွေးနွေးပွဲ #လေကြောင်းအန္တရာယ်ကာကွယ်ရေး