Posts

Showing posts from March, 2025

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

Image
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ် မတ်လ ၄ ရက်၊ ၂၀၂၅ ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ လူထုနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။ သမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး လူထုနဲ့အတူ လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ဗကသများအဖွဲ့ချုပ်‌ပေါ်ပေါက်လာပုံသမိုင်း‌ အကျဉ်းချုပ်ကို ချပြဆွေးနွေးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနဲ့အတူ ဆွေးနွေး‌ပြောဆိုခဲ့ကြပါတယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကနီ #ဗကသ #လေကြောင်းအန္တရာယ်ကာကွယ်ရေး

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ စက္ကူလေယာဉ်ပေါ် လှုံ့ဆော်စာများ ဖြန့်ဝေ

Image
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ စက္ကူလေယာဉ်ပေါ် လှုံ့ဆော်စာများ ဖြန့်ဝေ မတ်လ ၃ရက်၊ ၂၀၂၅ တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ ‌(ဗကသများအဖွဲ့ချုပ်)က တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ မတ်လ ၂ရက်နေ့က စက္ကူလေယာဉ်ပေါ်မှာ စစ်အာာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စာဖြန့်ဝေပြီး ဖက်ဆစ်စစ်အုပ်စုရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်။ သတင်းနှင့်ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #လေကြောင်းရန် #သပိတ် #မတ်လ၂ရက် #airstrike

Non-CDM စစ်တမ်းကို ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဆွေးနွေးခြင်းနှင့် ဖြန့်ဝေခြင်းများပြုလုပ်

Image
Non-CDM စစ်တမ်းကို ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဆွေးနွေးခြင်းနှင့် ဖြန့်ဝေခြင်းများပြုလုပ် မတ်လ၊ ၂ ရက်၊ ၂၀၂၅ ဗကသများအဖွဲ့ချူပ်မှ ထုတ်ဝေခဲ့တဲ့ Non-CDM စစ်တမ်းကို ဒီကနေ့မှာ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အဖွဲ့ဝင်တွေကြားထဲ ဆွေးနွေးခြင်း၊ တင်ပြခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ဒီ Non-CDM စစ်တမ်းကို ဘုတလင်မြို့နယ် အတွင်းက ပြည်သူ့အခြေပြုကျောင်းတွေမှာ လိုက်လံဖြန့်ဝေခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့် ပြန်ကြားရေးဌာန ဗကသများအဖွဲ့ချုပ် #ABFSU #ဘုတလင် #Non-CDM

ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်အတွင်း စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

Image
ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်အတွင်း စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ မတ်လ ၂ ရက်၊ ၂၀၂၅ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်တွင်းရှိ  ရပ်ရွာနေလူထုအား စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်များကို ဒီကနေ့မှာ ဖြန့်ဝေခဲ့ကြပါတယ်။ ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက် စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) နဲ့ပတ်သတ်တဲ့အချက်အလက်တွေ၊ သရုပ်ပြပုံတွေ၊ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် အချက်အလက်‌တွေကို ဖော်ပြထားပါတယ်။ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဗကသများအဖွဲ့ချုပ် #ABFSU #ဘုတလင် #လေကြောင်းအန္တရာယ် #စက်တပ်လေထီး #paramotor